The Chin Resistance: Defying Tyranny in Zomia
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ စစ်တပ်က မတရားအာဏာသိမ်းလိုက်တဲ့အခါ ချင်းပြည်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ZFU/PDF-Zoland ပေါ်ပေါက်လာပါတယ်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ Zomia စကားလုံး ဇစ်မြစ်ခံရာ ဇိုပြည် (Zoland) မှာ Zomi Federal Union (ZFU)/ People Defence Force - Zoland တော်လှန်ရေးအဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့ပါတယ်။ Zomia မှာ မှီတင်းနေထိုင်ကြတဲ့ ဌာနနေလူမျိုးတွေရဲ့ ပင်ကိုစိတ်နေစိတ်ထားက အတင်းအဓမ္မ ဖိနှိပ်အုပ်ချုပ်မှုကို လက်မခံဘဲ ကိုယ်ပိုင်အုပ်ချုပ်မှုကို နှစ်သက်လိုလားသူတွေ ဖြစ်ကြပါတယ်။ ZFU/PDF-Zoland က ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်တွေမှာ မှီတင်းနေထိုင်ကြတဲ့ ချင်းလူမျိုးများကို အဓိကကိုယ်စားပြုတဲ့အဖွဲ့ဖြစ်ပါတယ်။ Chin Brotherhood အဖွဲ့ဝင်ဖြစ်ပြီး ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲများတွင်လည်းပါဝင်ခဲ့ကြတယ်။ ဒီမှတ်တမ်းတွင် တောတောင်ဒေသတွင် လှုပ်ရှားနေသော ZFU/PDF တပ်ဖွဲ့ဝင်များ၏ စစ်ရေးအတွက် လေ့ကျင့်ရေး၊ လုံခြုံရေးတာဝန်ထမ်းဆောင်မှုများနှင့် စစ်ရေးအပြင် မိသားစုကိုသတိရမှုတွေ၊ တိုက်ပွဲကြီး/ငယ် အတွေ့အကြုံတွေကို ပြန်လည်ပြောကြတယ်။ ဖမ်းဆီးမိသောစစ်သုံ့ပန်းတွေရဲ့ အသံအပြင် အဖွဲ့ဝင်များ၏ ကိုယ်တွေ့အတွေ့အကြုံများ၊ မိသားစုနဲ့ ခွဲခွာနေရသောဘဝနှင့် “ဘာကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့သလဲ” ဆိုသော မေးခွန်းအပေါ်သူတို့၏ အဖြေများကို ထိရောက်စွာတင်ပြထားတယ်။ ဒီ Documentary တွင် စစ်ရေးလှုပ်ရှားမှုတစ်ခုအတွက်မဟုတ်ဘဲ ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ သူတို့ရဲ့ ပါဝင်လုပ်ဆောင်မှုများ၊ တော်လှန်ရေးရည်ရွယ်ချက်နဲ့ တော်လှန်ရေးအလွန်တစ်ယောက်ချင်းစီရဲ့ အနာဂတ်အပေါ်မျှော်လင့်ချက်များကိုပါ ပုံဖော်ထားသော မှတ်တမ်းတစ်ခုဖြစ်တယ်။ Project ၏ရည်ရွယ်ချက်မှာ— “လက်နက်ကိုင်ကာ စစ်အာဏာရှင်ကို ရဲရင့်စွာ တော်လှန်နေသော လူငယ်များ၏ အသံများကို ပိုမိုကျယ်လောင်စွာ ပဲ့တင်ထပ်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖန်တီးထားခြင်းဖြစ်တယ်။”
Sign in to watchAbout This Movie

Genres
Trailers

Stream The Chin Resistance: Defying Tyranny in Zomia and more on 24 Frames Mozart
Sign in to watch